Friday 7 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 15 days ago

ကံပေါက်တွင် စစ်အာဏာရှင်ကို ၇၄ ရက်မြောက် ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ စစ်အာဏာရှင်ကို ၇၄ ရက်မြောက် သပိတ်စစ်ကြောင်းနဲ့ ဒီကနေ့မနက် ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူ အင်အား ၁၂၀ လောက်ရှိပြီး ဖမ်းဆီးထိန်းသိမ်း​ခံထားရတဲ့ နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် အသစ်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကိုလည်း ဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူတွေက ထောက်ခံကြိုဆိုခဲ့ကြပါတယ်။


Latest News
Hashtags:   

ကံပေါက်တွင်

 | 

စစ်အာဏာရှင်ကို

 | 

ရက်မြောက်

 | 

ဆန္ဒပြ

 | 

Sources