Friday 7 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 15 days ago

ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင်ပါမည်ဟု ပထမဆုံး CDM ဗိုလ်ကြီးပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUGက ဖွဲ့စည်းမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ပါဝင်ပြီး ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ တပ်တွင်းပထမဆုံး အာဏာဖီဆန် CDMလုပ်ခဲ့သူ ဗိုလ်ကြီး ညီသုတက ပြောပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားတွေပါဝင်တဲ့ NUG ကို ဖွဲ့စည်းလိုက်ပြီးနောက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ကြေညာထားတာပါ။ အဲဒီကာကွယ်ရေးတပ်မတော်ဟာ အနာဂတ်ဖက်ဒရယ်တပ်မတော်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာပါဝင်ပြီး ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ဗိုလ်ကြီးညီသုတကပြောပါတယ်။ “ကျနော်ဟာ ပြည်သူတစ်ယောက်ဖြစ်လို့ ပြည်သူနဲ့အတူ ပြည်သူ‌တွေလိုက်ပါတဲ့ တော်လှန်ရေး ရေစီးကြောင်းမှာ လိုက်ပါပြီးစီးမျောမှာပါ’’ လက်ရှိ တပ်ပိုင်းခေါင်းဆောင်တွေဟာ ပြည်သူထောင်နဲ့ချီ သောင်းနဲ့ချီပြီး သေဆုံးရင်တောင် လက်လျော့မယ့်ပုံ မရှိဘူးလို့ဆိုပါတယ်။ ဒါကြောင့် လက်နက်ကိုင်လမ်းစဉ်ဟာ နိုင်ငံရေးအရ နောက်ဆုံးလိုအပ်ချက်ရှိလာပြီး ပြည်သူတွေ ပေးဆပ်ရတာနဲ့တန်အောင် [ ]


Latest News
Hashtags:   

ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင်ပါမည်ဟု

 | 

ပထမဆုံး

 | 

ဗိုလ်ကြီးပြော

 | 

Sources