Friday 7 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 15 days ago

ဗန်းမော်မြို့ရှိ စိန်သစ္စာနှင့် စွမ်းမေတ္တာဆေးရုံ ၂ ရုံကို လိုင်စင်ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြည်သူလူထုအတွက် အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ပုဂ္ဂလိကပိုင်ဆေးရုံ  “စိန်သစ္စာ” နဲ့  “စွမ်းမေတ္တာ “ဆေးရုံ ၂ ရုံကို လိုင်စင်ပိတ်သိမ်းမယ်လို့ အာဏာသိမ်းစစ်ကောင်စီပိုင်မြဝတီရုပ်သံမှာ ကြေညာသွားပါတယ်။   ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်တွေက CDM ပြုလုပ်ခဲ့ကာ အဆိုပါ ပြင်ပဆေးရုံနှစ်ခုမှာ သွားရောက်လုပ်ကိုင်နေတာကြောင့် လိုင်စင်ပိတ်သိမ်းရတာလို့ သတင်းမှာ ကြေညာသွားပါတယ်။ ဗန်းမော်မြို့မှာ CDM မှာ ပါဝင်လို့ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲခံထားရတဲ့ အထူးကုဆရာဝန် ၆ ယောက်အထိရှိနေပြီဖြစ်ပါတယ်။ လက်ရှိမှာ ဗန်းမော်မြို့ရှိ စစ်ကောင်စီသိမ်းပိုက်ထားတဲ့ ပြည်သူ့ဆေးရုံတွေမှာလည်း ပြင်ပလူနာတွေကို မောင်းထုတ်နေသလို ဆေးကုသမှုခံယူနေတဲ့ လူနာတွေကိုလည်း အဝင်အထွက်တင်းကြပ်ထားပြီး လူနာစောင့်တွေ လှဲလှယ်ခွင့်မရရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။


Latest News
Hashtags:   

ဗန်းမော်မြို့ရှိ

 | 

စိန်သစ္စာနှင့်

 | 

စွမ်းမေတ္တာဆေးရုံ

 | 

ရုံကို

 | 

လိုင်စင်ပိတ်သိမ်းမည်ဟု

 | 

ခြိမ်းခြောက်

 | 

Sources