Friday 7 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 15 days ago

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းတော်လှန်ရေးအဖွဲ့သစ်ကြေညာ

အာဏာသိမ်း စစ်ကောင်စီကို လက်မခံကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးနဲ့ ပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ဒီနေ့ရက်စွဲနဲ့ ကြေညာပါတယ်။ ချင်းအမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးနဲ့ ငြိမ်းချမ်းလူ့အဖွဲ့အစည်းတည်ဆောက်ဖို့၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့အတူ နိုင်ငံရေးသဘောတူညီချက် ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ဖလမ်းမြို့နယ်၊ ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်)ရှိ ချင်းလူငယ်တွေနဲ့ နိုင်ငံတကာရှိ ချင်းလူမျိုးတွေက ဧပြီလ ၁၃ ရက်နေ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) အားဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် CNO ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force) ကိုပါ ပူးတွဲဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။ CNO/CNDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းနိုင်ငံရေး အဖွဲ့အစည်းများ အပါအဝင် ဒီမိုကရက်တစ်အင်အားစုများနှင့် လက်တွဲကာ စစ်အာဏာရှင် [ ]


Latest News
Hashtags:   

အမျိုးသားညီညွတ်ရေးအစိုးရနှင့်

 | 

ပူးပေါင်းဆောင်ရွက်မည်ဟု

 | 

ချင်းတော်လှန်ရေးအဖွဲ့သစ်ကြေညာ

 | 

Sources