Tuesday 11 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 19 days ago

မြန်မာပြည်သူများ အကြမ်းဖက်ခံနေရသည့်ကိစ္စ တားဆီးပေးရန် အောင်လအန်ဆန်း တောင်းဆို

မြန်မာပြည်သူတွေ အကြမ်းဖက်တိုက်ခိုက်ခံနေရတဲ့ အခြေအနေကို ဝင်ရောက်တားဆီးပေးဖို့ One Championship လိုက်ဟဲဗီးဝိတ်ချန်ပီယံ အောင်လအန်ဆန်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ထံ တောင်းဆိုလိုက်ပါတယ်။ သမ္မတဘိုင်ဒင်အနေနဲ့ မြန်မာစစ်အစိုးရကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် စကားပြောနိုင်ရင် နေ့တိုင်းဒုက္ခခံစားနေရတဲ့ မြန်မာနိုင်ငံသားတွေအတွက် အကူအညီဖြစ်စေနိုင်လိမ့်မယ်လို့ ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေ ကန့်သတ်ပိတ်ဆို့ခံနေရတဲ့အကြောင်း လူမှုကွန်ယက်တွေမှာလည်း စစ်အစိုးရကို ဆန့်ကျင်ပြောဆိုလို့မရဘဲ အိမ်တွေထဲအထိ လာရောက်ဖမ်းဆီးခံနေရတဲ့ကြောင်းနဲ့ သမ္မတဘိုင်ဒင်အနေနဲ့သာ စစ်ဗိုလ်ချုပ်တွေနဲ့ မြန်မာစစ်တပ်ကို ဆက်သွယ်ပြောဆိုနိုင်မယ်ဆိုရင် မြန်မာနိုင်ငံသားတွေ အားလုံးက ကျေးဇူးတင်ကြပါလိမ့်မယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အောင်လအန်ဆန်းက သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေကို အရေးတကြီး ရပ်ဆိုင်းစေချင်တဲ့အကြောင်း ပြည်တွင်းမှာ လူငယ်တွေ ကလေးငယ်တွေ ရက်ရက်စက်စက်အသတ်ဖြတ်‌ခံနေရတဲ့ ဗီဒီယိုတွေ အများကြီးလက်ခံရရှိခဲ့ပြီး ပြန်လည်ဖြန့်ဝေခဲ့တယ်လို့လည်း ပြောပါတယ်။ Photo Credit-AungLaNsang


Latest News
Hashtags:   

မြန်မာပြည်သူများ

 | 

အကြမ်းဖက်ခံနေရသည့်ကိစ္စ

 | 

တားဆီးပေးရန်

 | 

အောင်လအန်ဆန်း

 | 

တောင်းဆို

 | 

Sources