Tuesday 11 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 19 days ago

ခေါင်လန်ဖူးလူငယ် ၆ ဦးအား ဌာနေပြည်သူ့စစ်တပ်ဖွဲ့က မတရားဖမ်းဆီး

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းက ခေါင်လန်ဖူးလူငယ် ၆ ဦးအား ဧပြီလ ၂၂ နေ့ မွန်းတည် ၁၂ နာရီအချိန်၀န်းကျင်မှာ မကွေဇဂိတ်ထိုင်စောင့်‌‌နေတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က မတရားဖမ်းဆီးထိန်းသိမ်းသွားတယ်လို့ နောင်မွန်းဒေသခံတစ်ဦးက ပြောပါတယ်။ ခေါင်လန်ဖူးလူငယ် ၆‌ ဦးဟာ ခေါင်လန်ဖူးမြို့ကနေ ပူတာအိုမြို့ကို ဆင်းလာတဲ့ လမ်းတစ်၀က်မှာ ဖမ်းဆီးခံရတာလို့ နောင်မွန်းဒေသခံက ပြောပါတယ်။ လူငယ် ၆ ဦးက ခေါင်လန်ဖူးနဲ့ ပူတာအိုကြားမှာ အထိုင်ချထားတဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့က မကွေဇဂိတ်မှာ ဖမ်းဆီးခဲ့ပြီး ဘယ်လိုကြောင့် ဖမ်းဆီးသွားတယ်ဆိုတာ မသိရသေးဘူး။” ဒီနေ့ဖမ်းဆီးသွားတဲ့ လူငယ် ၆ ဦးကို နောင်မွန်းမြို့ဘက်ကို ခေါ်‌ဆောင်သွားတယ်လို့ မျက်မြင်သက်သေ ဒေသခံတစ်ဦးက ပြောပါတယ်။ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်တပ်ဖွဲ့ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ပူးပေါင်းကာ ပူတာအိုခရိုင်အတွင်းက ဒေသခံလူငယ်တွေ၊ နွေဦးတော်လှန်ရေး သပိတ်စစ်ကြောင်းမှာ ပါ၀င်တဲ့ [ ]


Latest News
Hashtags:   

ခေါင်လန်ဖူးလူငယ်

 | 

ဦးအား

 | 

ဌာနေပြည်သူ့စစ်တပ်ဖွဲ့က

 | 

မတရားဖမ်းဆီး

 | 

Sources