Friday 7 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 14 days ago

အင်းစိန် အကျဉ်းထောင်ဝန်းထဲ ဗုံးပေါက်

ရန်ကုန် အင်းစိန် အကျဉ်းထောင်ဝန်းထဲမှာ မနေ့ည ၈ နာရီလောက်က ဗုံးပေါက်ကွဲသံ ကြားကြောင်း ပတ်ဝန်းကျင်နေသူတွေက ပြောပါတယ်။ ဆရာတော်ကြီးကျောင်းထိပ် ဝက်ဒိုင်လမ်းထိပ်ထောင်ဘက်အခြမ်းမှာ ဖြစ်တာဖြစ်ပြီး မပေါက်ကွဲသေးတဲ့ ဗုံးရှိတာကြောင့် စစ်တပ်က မိုင်ရှင်းလင်းရေးလုပ်ခဲ့ကြောင်း သိရပါတယ်။ လက်ပစ်ဗုံးကျရာနေရာမှာ ထောင်ဝန်ထမ်းအိမ်ရာနဲ့ ဝေးတာကြောင့် ထိခိုက်ဒဏ်ရာရတာ တော့ မကြားရကြောင်း ပတ်ဝန်းကျင်နေသူတွေက ဆိုပါတယ်။ ဗုံးပေါက်ကွဲသံကြားတာကြောင့် သွားကြည့်ရာ စစ်တပ်က ထွက်ကြည့်တာကြောင့် ပြန်ပြေးခဲ့ရတယ်လို့ မျက်မြင်တစ်ယောက်ကပြောပါတယ်။


Latest News
Hashtags:   

အင်းစိန်

 | 

အကျဉ်းထောင်ဝန်းထဲ

 | 

ဗုံးပေါက်

 | 

Sources