Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 21 days ago

ပုသိမ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး Mask ကမ်ပိန်းပြုလုပ်

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဧပြီ ၂၃ ရက် မနက်ပိုင်းက လူငယ်တွေစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံစာရွက်တွေကို Mask မှာ ကပ်ပြီး လိုက်ဝေခဲ့ကြတယ်လို့ သိရပါတယ်။ ပုသိမ်မြို့မှာ ဒီနေ့မနက် မြို့ခံလူငယ်တွေက Mask အထုပ်ငယ်လေးတွေပေါ် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ကြောင်း စာများရေးသားကာ လူစည်ကားရာ ဈေးတွေမှာ လိုက်လံဝေငှခဲ့ကြတာပါ။ ဖမ်းဆီးခံထားရတဲ့သူတွေအမြန်ဆုံးပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ကျဆုံးရေး စတဲ့ကြွေးကြော်သံပါစာရွက်တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုထောက်ခံကြိုဆိုတဲ့ စာရွက်ကပ်ထားတဲ့ Mask တွေကို ဝေခဲ့ကြတာလို့ ပါဝင်သူ ၁ ဦးက ပြောပါတယ်။ ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကူးစက်ခံရသူတချို့ ထပ်မံတွေ့ရှိရပြီးနောက်မှာ အာဏာရှင်ကိုတော်လှန်နေချိန်မှာ ပြည်သူတွေ ကျန်းမာဖို့လိုပြီး Mask တပ်ဖို့ မမေ့ရအောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ပုသိမ်မြို့မှာတော့ အကြမ်းဖက်ဖြိုခွင်းခံရတာတွေနဲ့ ရပ်ကွက်တွေထဲ စစ်တပ်က [ ]


Latest News
Hashtags:   

ပုသိမ်တွင်

 | 

စစ်အာဏာရှင်ဆန့်ကျင်ရေး

 | 

ကမ်ပိန်းပြုလုပ်

 | 

Sources