Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 21 days ago

ကွတ်ခိုင်တိုးဂိတ်တွင် လက်နက်ကြီးကျည် ၄ လုံးထက်မနည်း ကျရောက်ပေါက်ကွဲ၊ ၁ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ကွတ်ခိုင်တိုးဂိတ်မှာ  ဧပြီလ ၂၃ ရက်က   လက်နက်ကြီးကျည် ၄ လုံးထက်မနည်း ကျရောက် ပေါက်ကွဲပြီး လူ  ၁ ဦးထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ တိုးဂိတ်ရုံးရဲ့ အနောက်ဘက်‌တောအတွင်းကနေ ရုံးအတွင်းကို ဒီနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည် ၄ လုံးထက်မနည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပြောပါတယ်။ မျက်မြင်တစ်ဦးဖြစ်သူ လားရှိုး နမ့်ဖတ်ကာ ကုန်သည်တစ်ဦးက ကျနော်တို့ အဲနား ရောက်တော့ ပစ်ပြီးနောက် ဖြစ်နေတယ်။ ကျည် ၂ လုံး ပစ်ထည့် လိုက်တာတော့ မြင်လိုက်တယ်။ ကျနော်တို့လည်း ကားတော့ မရပ်တော့ဘူး။ ခဏ ငြိမ်သွားတော့ မောင်းသွားလိုက်တယ် လို့ ပြောပါတယ်။ [ ]


Latest News
Hashtags:   

ကွတ်ခိုင်တိုးဂိတ်တွင်

 | 

လက်နက်ကြီးကျည်

 | 

လုံးထက်မနည်း

 | 

ကျရောက်ပေါက်ကွဲ၊

 | 

ဒဏ်ရာရ

 | 

Sources