Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 21 days ago

မိုးမိတ်မြို့က CDM ပညာရေးဝန်ထမ်း​သုံးဦးကိုအာဏာသိမ်းစစ်တပ်က ဖမ်းဆီး

ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့က CDM လုပ်ထားတဲ့ ဆရာမအိမ်ကို အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက ဧပြီ ၂၃ ရက်နေ့ည ၇ နာရီဝန်းကျင်မှာ အင်အားအလုံးအရင်းနဲ့ လာဝိုင်းပြီး ဆရာမအပါအဝင် ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ မိုးမိတ်မြို့မှာ ဧပြီလ ၂၃ ရက်နေ့မှာ ကျောင်းအုပ်တွေကအစည်းဝေးလုပ်ပြီး CDM မလုပ်ဖို့ဖိအားပေးပြီး CDM လုပ်ပါက ၅၀၅နဲ့ ဖမ်းမယ်လို့ခြိမ်းခြောက်တာမျိုးတွေရှိခဲ့ပြီးနောက် ညပိုင်းမှာ လာရောက်ဖမ်းဆီးတာဖြစ်ပါတယ်။ ဒေါ်သန္တာမြင့် (မူလတန်းပြ ဆရာမ) နဲ့ ဒေါ်အေးစုမွန် (အထွေထွေ)၊ ကိုသက်ဦးပိုင် (အထက်တန်းပြ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဟောင်း) တို့ကို အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ကိုသက်ပိုင်ဦးကို အကြမ်းဖက်စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားပြီး နေရာမှာ သွေးတွေအိုင်ကျန်နေခဲ့တယ်လို့ သိရပါတယ်။ မိုးမိတ်မြို့မှာ ဆန္ဒပြ [ ]


Latest News
Hashtags:   

မိုးမိတ်မြို့က

 | 

ပညာရေးဝန်ထမ်း​သုံးဦးကိုအာဏာသိမ်းစစ်တပ်က

 | 

ဖမ်းဆီး

 | 

Sources