Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 20 days ago

CDM မလုပ်ရန် မိုးမိတ်မြို့က ဆရာ၊ ဆရာမများကို ဖိအားပေး

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့က ပညာရေးဆရာ၊ ဆရာမတွေကို ကျောင်းအုပ်ကြီးတွေက အစည်းဝေးခေါ်ယူပြီး CDM မလုပ်ကြောင်း ခံဝင်ကတိထိုးခိုင်း နေတယ်လို့ ဒေသခံတစ်ဦးဆီက သိရပါတယ်။ CDM လုပ်ပါက ဆရာ၊ ဆရာမတွေယူထားတဲ့ ချေးငွေကိုဆပ်သွားဖို့နဲ့ ပုဒ်မ ၅၀၅ နဲ့လည်း တရားစွဲမယ်လို့ ကျောင်းအုပ်တွေက ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။ လုပ်သက်ရင့်နေတဲ့ ဆရာ၊ ဆရာမတွေက CDM ကိုပဲ ပြုလုပ်မှာဖြစ်ပြီး ထွက်စာတွေ တင်ကြတာတွေရှိသလို CDM လုပ်ဖို့ အခက်ခဲရှိနေတဲ့ ဆရာ၊မတွေကတော့ ခံဝန်ကတိတွေ ထိုးနေရတယ်လို့ သိရပါတယ်။ မိုးမိတ်မြို့မှာလည်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ဆန္ဒပြတဲ့ သပိတ်တွေကိုပြုလုပ်နေပြီး CDM လုပ်လို့ ပုဒ်မ ၅၀၅ နဲ့ စွဲခံထားရတဲ့ ကျန်းမာရေးဝန်ထမ်းတွေလည်း ရှိနေတယ်လို့ သိရပါတယ်။


Latest News
Hashtags:   

မလုပ်ရန်

 | 

မိုးမိတ်မြို့က

 | 

ဆရာမများကို

 | 

ဖိအားပေး

 | 

Sources