Friday 14 May 2021
Home      All news      Contact us      RSS      English
burmese.dvb.no - 21 days ago

NUG အစိုးရကိုသာ အသိမှတ်ပြုကြောင်း ဆေးနှင့်ဆေးနှီးနွှယ်မှ ပညာရှင်များ ကျောင်းသားများ ဆန္ဒပြ

ပြည်တောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကဖွဲ့ စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုသာ အသိမှတ်ပြုကြောင်း ဆေးနှင့်ဆေးနှီးနွှယ်မှ ပညာရှင်များ ကျောင်းသားများ (White Coat Society) က ဧပြီလ ၂၃ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။ NLD ရုံးချုပ်ရှေ့နဲ့ ရန်ကုန်မြို့ကလူ စည်းကားရာနေရာတွေမှာ လိုက်လံဆန္ဒပြခဲ့ကြတာဖြစ်ပြီး အာဆီယံမှာလည်း လူထုရဲ့အသံ လူထုရဲ့အစိုးရ NUG ကိုသာ အသိမှတ်ပြုဖိတ်ကြားဖို့လည်း ဆန္ဒပြခဲ့ကြတယ်လို့ ပါဝင်သူ ၁ ဦးကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကိုသာ အသိမှတ်ပြုကြောင်း ဆန္ဒပြတာတွေပြုလုပ်နေချိန်မှာ လမ်းမှာသွားနေတဲ့ ပြည်သူတွေကလည်း ကားဟွန်းရှည်များတီးကာ ဝိုင်းဝန်းထောက်ခံအားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။


Latest News
Hashtags:   

အစိုးရကိုသာ

 | 

အသိမှတ်ပြုကြောင်း

 | 

ဆေးနှင့်ဆေးနှီးနွှယ်မှ

 | 

ပညာရှင်များ

 | 

ကျောင်းသားများ

 | 

ဆန္ဒပြ

 | 

Sources